မိတ္ထီလာ   ၂၂   ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အန္တကူရေလယ်ဘုရားသွား ကွန်ကရစ်တံတားသစ်အား လောင်းလှေပြိုင်ပွဲမတိုင်မီ တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက် နံက် ၉ နာရီခန့်က မိတ္ထီလာမြို့ နဂါးရုံစာသင်တိုက် ဘဒ္ဒန္တနန္ဒဝံသထံမှ သိရသည်။

 

အန္တကူရေလယ် ဘုရားသွား ကွန်ကရစ်တံတားသစ်ကို ဇန်နဝါရီ ၉ ရက်က ပန္နက်တော်တင်လှူပြီး စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ကွန်ကရစ်တံတားသစ် တည်ဆောက်တာက ပေ(၄၂၀)အရှည်၊ (၁၂)ပေအကျယ်ရှိတဲ့ ကွန်ကရစ်တံတား ကွွန်ကရစ်တိုင် စတီးလက်ရန်းနဲ့ ဆောက်တာပါ။ တံတားအောက်မှာပိုင် (၄၆)လုံးရိုက်ပါတယ်။ ပိုင်ရိုက်တဲ့အခါ ပိုင်တွေ ကို နွံရဲ့အောက် (၃၃)ပေ (၉)လက်မ၊ နွံနဲ့ရေကြား (၁၅)ပေ၊ ရေအထက် (၆)ပေရိုက်တာပါ ယခု ပိုင်ရိုက် တာတွေက ပြီးသလောက်ဖြစ်နေပါပြီ။ ပိုင်တွေရိုက်ပြီးတာနဲ့ တိုင်ကပ်မယ် ပေါင်တပ်မယ်။ အခင်း ခင်းမယ်(စလစ်လောင်း) အာရုံခံတန်ဆောင်း ဆောက်ပြီးရင် ပြီးပါပြီ။ သြဂုတ်လထဲမှာ တည်ဆောက် ပြီးမှာပါ မိတ္ထီလာမြို့ရဲ့ အထင်ကရပွဲတော်ကြီးဖြစ်တဲ့ လောင်းလှေပြိုင်ပွဲက စက်တင်ဘာလထဲမှာ ဆိုတော့ လောင်းလှေပြိုင်ပွဲမတိုင်ခင် ကွန်ကရစ်တံတားသစ်ကြီး တည်ဆောက်ပြီးစီးမှာပါဟု ဘဒ္ဒန္တနန္ဒဝံသက ပြောသည်။

 

အန္တကူရေလယ် ဘုရားသွား ကွန်ကရစ်တံတားသစ်အား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကော်မတီဖွဲ့၍ အလှူရှင် ဒေါ်အမာတင် မိသားစုမှ အလှူငွေကျပ် သိန်း(၄၂၀၀) အကုန်အကျခံကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထီလာကိုငယ်လေး