မိတ္ထီလာ မတ် ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်နေပြည်သူ များ၏နေအိမ်များ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု ရှိ၊ မရှိအား တစ်အိမ်တက်ဆင်း စစ်ဆေးအကြံပြုခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အောင်ဆန်းရပ်ကွက်အတွင်းရှိ လူနေထူထပ်ပြီး ယာဉ်ဝင်ထွက်သွားလာရခက်ခဲ၍ မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


