မိတ္ထီလာ မတ် ၁၉

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မီးဘေးကာကွယ်ရေးလုပ်ငန်းကို အဆိုပါရုံးတွင် ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါရုံးရှိ ဝန်ထမ်းများအား မီးဘေးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်း သတ်မှုလေ့ကျင့်ပေးခြင်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ( မိတ္ထီလာ )