မိတ္ထီလာ အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေးစာရင်းတို့ကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေး စာရင်းများကို ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်အထိ ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၃၀ နှင့် တပ်ရင်း ခုနစ်ရင်းတို့မှ နိုင်ငံသား စိစစ်ရေးကတ်မရှိသူ အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်ကြား ၄၀၇ ဦး၊ အသက် ၁၈ နှစ်နှင့်အထက် ၁၄၁၈၀ နှင့် အိမ်ထောင်စုစာရင်း ၃၇၇ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)