မိတ္ထီလာမြို့နယ် ဆပ်ခင်းပေါက်ကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် ကြက်သွန်ဂိုဒေါင် မီးလောင်မှုဖြစ်ပွား

မိတ္ထီလာ ၂၃ ဧပြီ 

 

မိတ္ထီလာမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆပ်ခင်းပေါက်ကျေးရွာနေ ဦးမင်းမောင် (၆၁)နှစ်၏ မီးဖိုနှင့် တွဲလျက် ကြက်သွန်ဂိုဒေါင်၌ ဧပြီလ ၂၂ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ထရံသို့ ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

 

အဆိုပါ မီးလောင်မှုအား ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းဦးဆောင်၍ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ် (၂) စုစုပေါင်း (၇)စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် ဒေသခံပြည်သူတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

 

မီးလောင်မှုကြောင့် ၂၄ ပေ ပတ်လည် သွပ်မိုး၊ ထရံကာ ၁ ထပ် ကြက်သွန်ဂိုဒေါင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့သော်လည်း၊ လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ မီးပေါ့ဆစွာ အသုံးပြုသူ ဦးမင်းမောင်အား အမှတ်(၃)နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)