မိတ္ထီလာ ၈   နိုဝင်ဘာ

 

မိတ္ထီလာမြို့နယ် လွန်ငင်ကျေးရွာ၌ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာသူ ကျေးရွာသားများမှ စုပေါင်းထည့်ဝင်ငွေကျပ် ,၇၈၀,၀၀၀ တို့ဖြင့် အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာရှိ ကျေးရွာတွင်းလမ်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီပြီး ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းလုပ်အားဖြင့် အရှည်ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအား မေ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ၎င်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး၍ ဒေသခံ ကျေးလက်နေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ သွားလာရ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၂၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)