မိတ္ထီလာ ၂၄ အောက်တိုဘာ
မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာဧရိယာအတွင်းရှိ လှည်းပွဲ ကျေးရွာ ကွင်းအမှတ် ၁၀၉၁ နှင့် ၁၀၉၄အတွင်းရှိ တောင်သူ(၂၇)ဦး၏ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) အထူးဇုန် စိုက်ကွင်း စိုက်ဧက(၅၀)တွင် တစ်ဧက ဝါပိဿာ ၇၅၀ ထွက်ရှိကြောင်း သိရသည်။
“မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) အထူးဇုန် ဧက(၅၀)စိုက်ကွင်းအတွင်းရှိ ဝါစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း တိုးစေရေးအတွက် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် များရရှိအောင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနှောင်းချည်မျှင် ရှည်ဝါမျိုးများ ဖြန့်ဝေပေးကြောင်း၊ စနစ်တကျ စိုက်ပျိုးနိုင်စေရန်၊ အပင်ကြီးထွားရေး ၊ ဝါသီးနှံ အထွက်နှုန်း ကောင်မွန်စေရေးတို့အတွက် မြေသြဇာကို အချိန်ကိုက် နည်းစနစ်ကျစွာ ဖြည့်ဆည်းပေးပြီး ဧက(၅၀)စိုက်ကွင်းအတွင်းရှိ စိုက်ဧကများ၌ ဝါစတင် စိုက်ပျိုးသည့်အချိန်မှ အပင်သက်တမ်းတစ်လျှာက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကင်းထောက်မှတ်တမ်း ကောက်ယူသည့် နည်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်လာပါက အပင်သားခွဲခြင်း လုပ်ငန်းများ၊ မိုးပွှားကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများနှင့် ပိုးမွှားကျရောက်ပါက ပိုးသတ်ဆေး သုံးစွဲရမည့် နှုန်းထားများနှင့် အမျိုးအစားတို့ကို စနစ်တကျရှိစေရန် လှည်းပွဲကျေးရွာမှ အထူးဇုန် ဧက(၅၀)စိုက်ကွင်းအတွင်းရှိ ဝါစိုက်တောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက် ပေးလျက်ရှိရာ ယခုဆိုလျှင် ဝါသီးနှံများထွက်ရှိနေပြီ ဖြစ်ရာ စိုက်ပျိုးရေး ဝန်ထမ်းများက ကွင်းဆင်း၍ တစ်ဧကဝါအထွက်နှုန်း အချက်အလက်များ ကောက်ယူခဲ့ရာ တစ်ဧက ဝါပိဿာ (၇၅၀)ထွက်ရှိကြောင်း ” ကန်တောင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ ဧရိယာအတွင်းရှိ လှည်းပွဲ ကျေးရွာ ချည်မျှင်ရှည်ဝါ ဧက-၅၀ အထူးဇုန် စိုက်ပျိုးရေးတာဝန်ခံ ဦးနေဖြိုးသူက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


