မိတ္ထီလာ ၃၀ စက်တင်ဘာ
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် သောက်သုံးရေအဆင်ပြေစေရန် စက်ရေတွင်းနှင့် အုတ်ရေကန်များတူးဖော်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆပ်ပြာကျင်းကျေးရွာအုပ်စု ကျောက်ပုံ ကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဖိုးဂျီကုမ္ပဏီမှ တာဝန်ယူ၍ ဇွန်လ ၁၇ ရက်နေ့က စတင်၍ အကျယ် ၄ လက်မ အနက်ပေ ၆၀ဝ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အင်ဂျင်ရေမြှုပ်ပန့် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
၎င်းအပြင် ရှားတောရွာသစ်ကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဖိုးဂျီ ကုမ္ပဏီမှ တာဝန်ယူ၍ အကျယ် ၄ လက်မ အနက်ပေ ၂၀ဝ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၁၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၅ပေ ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အင်ဂျင်ကွန်ပရက်ဆာ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျောက်ပုံကျေးရွာနှင့် ရှားတော ရွာသစ်ကျေးရွာတို့မှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေတော့ မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


