မိတ္ထီလာ ၂ဝ စက်တင်ဘာ
မိတ္ထီလာမြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း စတင်ဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာ ၂၀ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်အိအိသန်းက မိတ္ထီလာမြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း စတင်ဖွဲ့စည်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိတ္ထီလာမြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့စည်းရေး တာဝန်ခံ ဦးစံလင်းဦး နှင့် သာစည်မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးစံဝင်း တို့က မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့စည်းခြင်းမှ ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ဖွဲ့စည်းပုံအကြောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ကျေးရွာစာကြည့်တိုက်မှူးများနှင့် တာဝန်ခံများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ကျေးရွာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် တာဝန်ခံများ၏ ရွေးချယ်မှုအရ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးမောင် မြာကျေးရွာ (အလင်းတံတားဦး စာကြည့်တိုက် ) အပါအဝင် အင်အား ၁၁ ဦးဖြင့်မိတ္ထီလာမြို့နယ် စာကြည့်တိုက်ဖောင်းရှင်းကို စတင် ဖွဲ့စည်းသည်။ အဆိုပါ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့စည်းခြင်း အခမ်းအနားသို့ မြာ၊ရှမ်းတဲ ၊ကဖြူ ၊ ဇောင်ချမ်းကုန်း ၊ ကြာကန် ၊ ပေါက်ပင်သာ ၊ နတ်ကြီးကုန်း ၊ မုံပင်ဆည် ၊ ဥယျာဉ် ၊ ရွာသစ် စသည့် ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။
ချမ်းသာ ( မိတ္ထီလာ)


