မိတ္ထီလာ ၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အီလက်ထရောနစ်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီးကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
WINNER Economics Enterprise Services Co.,Ltd.မှ စုစည်း၍ အီလက်ထရောနစ်အလှကုန် လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီးကိုကျင်းပသွားမည်ဖြစ်ရာ ပြပွဲတွင် AZY Car Sale Centre Co.,Ltdမှ လုပ်ငန်းသုံး၊ အိမ်သုံးကားအမျိုးမျိုးတို့ကို ဈေးနှုန်းချိုသာစွာ အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်အပြင် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များမှ အီလက်ထရောနစ်ပစ္စည်းများ၊ ပြည်တွင်းပြည်ပ ဆေးအမျိုးမျိုး၊ အလှကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်များ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ စသည်တို့ကို ပြသရောင်းချပေးသွားမည်ဖြစ်သည်။
၎င်းအပြင် Dancer&Model အဖွဲ့၏ ကုန်ပစ္စည်းသရုပ်ပြရှင်းလင်းပွဲနှင့်အတူ မော်ဒယ်လ်ရှိုး၊ Dancer Show၊ တေးသီချင်း သီဆိုဖျော်ဖြေမှုများအပြင် ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်း အစီအစဉ်များဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ နံနက် ၉နာရီမှ ည ၉နာရီအထိ အခမဲ့ တင်ဆက်သွားမည်ဖြစ်ကြောင်း ကုန်စည်ပြပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးမျိုးညွန့်အောင်၏ ပြောကြားချက်အရ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)