မိတ္ထီလာ၊ အောက်တိုဘာ ၂၁

 

မိတ္ထီလာမြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာလှပစေရန်နှင့် ရာသီဥတု မျှတ ကောင်းမွန်လာစေရန် သစ်ပင်ပေါင်း ခြောက်သောင်းကျော် စိုက်ပျိုးနေပြီဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာ လှပစေရန်၊ ရာသီဥတု မျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် နှစ်စဉ် သစ်တောများ ထူထောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မိုးရာသီတွင် ဖလံကျင်းသစ်တောကြိုးဝိုင်း၊ ကုန်းတန်းသစ်တောကြိုးဝိုင်း၊ အခြားစိုက်ခင်း (၂၅) ဧကနှင့် တစ်အုပ်တစ်မ စိုက်ခင်းတို့တွင် ပိတောက်၊ ယူကလစ်၊ မြန်မာကုက္ကို၊ ဒဟတ်၊ မြင်ဝါး၊ ရင်းမာ၊ ဖျောက်ဆိပ်၊ တမာ၊ ရှား စသည့် သစ်ပင်ပေါင်း  ၆၀၀၀၀ ကျော်ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ယင်းသို့စိုက်ပျိုးလျက်ရှိရာမှ ဖလံကျင်းသစ်တောကြိုးဝိုင်းနှင့် ကုန်းတန်းသစ်တောကြိုးဝိုင်းတို့တွင် သစ်ပင်ပေါင်း (၂၇၀၀၀) ပင်၊ အခြားစိုက်ခင်း ၂၅ ဧကတွင် သစ်ပင်ပေါင်း ၃၀၂၅၀ ပင်နှင့် တစ်အုပ်တစ်မစိုက်ခင်း (အထူးစိမ်းအပင်ကြီး) ၅၀၀၀ ပင်တို့ကို စိုက်ပျိုးထားရှိကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ   သိရသည်။

 

သိန်းမြင့်ကျော် (မိတ္ထီလာ)