မိတ္ထီလာ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် မိုးစပါး (Raised Bed)ပေါင်းစနစ်ဖြင့် အထွက်တိုးနည်း စိုက်ပျိုးခြင်း အသိပညာပေးလုပ်ငန်းများကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ကွက်ငယ်ကျေးရွာ၊ ကွင်းအမှတ် ၁၀၈၂၊ ဦးပိုင်အမှတ် ၉၅ ရှိ တောင်သူ ဦးမြင့်လှိုင်၏ မနောသုခ စိုက်ဧက နှစ်ဧကတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပရာ တစ်ဧက စပါးအစို ၉၅ ဒသမ ၇၅တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား မိုးစပါး(Raised Bed) ပေါင်းစနစ်ဖြင့် အထွက်တိုးနည်းစိုက်ပျိုးခြင်း ၊ အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် မိုးစပါး (Raised Bed) ပေါင်းစနစ်ဖြင့် အထွက်တိုးနည်း စိုက်ပျိုးခြင်း အသိပညာပေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သူအောင်၊ လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


