မိတ္ထီလာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ မိုးကြိုချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ကွက်ငယ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁ဝ၆၂)၊  ကြာကန်အရှေ့ကွင်းရှိ တောင်သူ သုံးဦး၏ ချည်မျှင်ရှည်ဝါစိုက်ခင်းများတွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးထွန်းအေး၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဖွဲ့ဝင်များနှင့် ဝါစိုက် တောင်သူများ တက်ရောက်အားပေးကြသည်။

အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲတွင် ကောင်း၊ သင့်၊ ညံ့ အမျိုးအစား သုံးမျိုးခွဲ၍ ရိတ်သိမ်းရာ ဦးပိုင်အမှတ် (၄၄/၁) တောင်သူ ဦးသန်းဌေး၏ ကောင်းကိုယ်စားပြုစံကွက်မှ တစ်ဧက အထွက်နှုန်း ၄၈၁ ဒသမ ၆၆ ပိဿာ၊ ဦးပိုင်အမှတ်(၉၃) တောင်သူ ဦးဆန်းဝင်း၏ သင့်ကိုယ်စားပြု စံကွက်မှ တစ်ဧက အထွက်နှုန်း ၄၂၇ ဒသမ ၂၄ ပိဿာနှင့် ဦးပိုင်အမှတ်(၉၂) တောင်သူ ဦးဇော်မောင်၏    ညံ့ကိုယ်စားပြု စံကွက်မှ တစ်ဧက အထွက်နှုန်း ၁၈၃ ဒသမ ၆၄ ပိဿာ အသီးသီးထွက်ရှိကြောင်း သိရသည်။ 

ချမ်းသာ(မိတ္ထီလာ)