လွိုင်လင် ၂၅ ဇန်နဝါရီ
မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်၌ နေအိမ်ဆောက်လုပ်ရန် မြေကျင်းတူးရာမှ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က စစ်ကျန်ကျည်ဆံဟောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ဝန်ဇင်းရပ်ကွက် နယ်မြေ(၈)နေ ဦးမောင်ပု ဈေးရောင်းသည် နေအိမ်ဆောက်လုပ်ရန် ၎င်းပိုင်ဆိုင်သော မြေကွက်တွင် အလျား ၂၄ ပေ အနံ ၂ ပေအနက် ၃ ပေရှိ မြေကျင်းတူးရာမှ စစ်ကျန်ကျည်ဆန်ဟောင်းများ တွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားချက်အရ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲအုပ် ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၃၀၃ ရိုင်ဖယ် ကျည်ဆံဟု ယူဆရသော စစ်ကျန်ကျည်ဆန်ဟောင်း(၁၁၇)တောင့်နှင့် ကျည်ခွံ(၇)ခုအား တွေ့ရှိသဖြင့် အမှတ်(၉၁၁)စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ ဆက်သွယ်၍ ဗိုလ်ကြီး အောင်မြတ်စိုးထံ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)