မိတ္ထီလာ စက်တင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ တောင်သူ ၂၈၇ ဦးမှ မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူ ၂၈၇ ဦးက မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးထားရှိရာ ထမုန်ကန်ကျေးရွာရှိ တောင်သူ  ၃၅ ဦးက ဆင်းသုခ မိုးစပါးစိုက်ဧက ၁၀၀၊ တောမကျေးရွာအုပ်စုရှိ တောင်သူ ၄၁ ဦးက မနောသုခ၊ဆင်သုခ မိုးစပါးစိုက်ဧက ၇၅ ဧက၊ ခင်လူးကျေးရွာအုပ်စုရှိ တောင်သူ ၃၇ ဦးက ဆင်းသုခ မိုးစပါးစိုက်ဧက ၅၀၊ ညောင်ကိုင်းကျေးရွာအုပ်စုရှိ တောင်သူ ၂၄ ဦးက GW-11  မိုးစပါးစိုက် ဧက ၃၁ ဧက ကဖြူကျေးရွာအုပ်စုရှိ တောင်သူ ၁၄ ဦးက မနောသုခ မိုးစပါးစိုက်ဧက ၅၅ ဧက၊ လျှော်ဖြူကန်ကျေးရွာအုပ်စုရှိ တောင်သူ ၂၇ ဦးက ဆင်းသုခ မိုးစပါးစိုက်ဧက ၅၁ ဧက၊ မကျီးစုကျေးရွာအုပ်စုရှိ တောင်သူ ၃၀ ဦးက မနောသုခ မိုးစပါးစိုက်ဧက ၇၀၊ ရှမ်းတဲကျေးရွာအုပ်စုရှိ တောင်သူ ၂၃ ဦးက မနောသုခ မိုးစပါးစိုက်ဧက ၅၃ ဧကနှင့် ကွက်ငယ်ကျေးရွာအုပ်စု တောင်သူ ၅၆ ဦးက ဆင်းသုခ မိုးစပါးစိုက်ဧက ၁၁၅ ဧကတို့ကို ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)