မိတ္ထီလာ ၂၂ ဇူလိုင်
သက်ငယ်မုဒိမ်းဖြစ်ပွားမှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မိတ္ထီလာမြို့နယ် ရန်မျိုးအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ်(၂) နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်က သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှု မရှိစေရန်အတွက် အုပ်ထိန်းသူမိဘများနှင့် ကလေးများ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခြင်း၊ လူကုန်ကူး မခံရစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် မူးယစ်ဆေးဝါး အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ ပြစ်ဒဏ်များကို ဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချော၊ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


