မိတ္ထီလာ ၂ စက်တင်ဘာ
မိတ္ထီလာမြို့နယ်၌ (သတ္တမ)အကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်ပညာရေးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၁)မိတ္ထီလာတို့ ပူးပေါင်း၍ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ပိုစတာ၊ ကာတွန်းနှင့် ကဗျာပြိုင်များကို ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲများကို ကျောင်းသားကျောင်းသူ (၆၅)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲများကို ကျောင်းသားကျောင်းသူ(၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ (သတ္တမ)အကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲ ကျင်းပနေမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၁)မိတ္ထီလာ ဒုရဲမှူးဝင်းညွှန့်နှင့် တာဝန်ရှိသူများမှ လှည့်လည် အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


