မိတ္ထီလာ  ၂၀  ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် မိတ္ထီလာ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ဖေဖော်ဝါရီ ၁၉ ရက်နေ့  နံနက်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင့် သိရသည်။

 

တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သီရိမွန်နှင့် ဝန်ထမ်းများက မိတ္ထီလာမြို့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို တစ်လတစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ကုသပေးလျက်ရှိရာ မိတ္ထီလာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား တိုင်းရင်းဆေးအကြောင်း သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းရင်းဆေးပညာဖြင့် အဘိုး ၉ ဦး၊ အဘွား ၃၁ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် တိုင်းရင်းဆေးပညာအကြောင်း ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးနိုင်ရန် ရပ်ကွက်ကျေးရွာသို့ တစ်လတစ်ကြိမ် ကွင်းဆင်းပြီး တိုင်းရင်းဆေးအကြောင်း အသိပညာပေး ဟောပြောပြီး ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။ ယင်းတို့ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆေးကုသရာတွင် တိုင်းရင်းဆေးပညာဖြင့် ရောဂါမျိုးစုံကို ကုသပေး လျှက်ရှိရာ အဓိကအားဖြင့်  ကျောရိုးဆစ်ရောဂါကို ကုသပေးလျှက်ရှိကြောင်း တိုင်းရင်းဆေး ပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သီရိမွန်က ပြောသည်။

           

သိန်းမြင့်ကျော်(မိတ္ထီလာ)