မိတ္ထီလာ ၂၁ ဒီဇင်ဘာ
မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေးစေရန် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ ခွဲ က မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း ဗိုလ်ချုပ်ကြေးရုပ်အနီးအတွင် မော်တော်ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်ဖြင့် နေ့စဉ်သွားလာလှုပ်ရှားနေသူများ ပညာရှာနေသူများ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ မဖြစ်ပွားစေရန် အရည်အသွေးပြည့်မီသော မော်တော်ဆိုင်ကယ်စီး ဦးထုပ်များကို ဝတ်ဆင်၍ စီးနင်းကြစေရန်နှင့် မော်တော်ဆိုင်ကယ်စီးနင်းနေစဉ် လိုက်နာရမည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများသိရှိပြီး စနစ်တကျ မောင်းနင်တက်စေရန် ယခုလို ဆိုင်ကယ်စီးနင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မော်တော် ဆိုင်ကယ်စီး ဦးထုပ်များ ဖြန့်ဝေခြင်းကို မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မိတ္ထီလာမြို့နယ်ယာဉ်လမ်း အန္တရာယ် ကင်းရှင်းရေးအဖွဲ့နှင့် အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မိတ္ထီလာ)တို့ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရန်နိုင်က ပြောကြားခဲ့သည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေးစေရန် မော်တော်ဆိုင်ကယ် စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းအခမ်းအနားတွင် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သန်းဌေးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရန်နိုင်နှင့် တပ်ဖွဲ့ဝင်တို့က မော်တော်ဆိုင်ကယ်စီးဦးထုပ်(၁၅၀)ကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


