မိတ္ထီလာ  ၂၆  မေ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရတနာမာရ်ရပ်ကွက်နယ်မြေ ရန်ကုန်-မန္တလေး ကားလမ်းမ မိုင်တိုင်အမှတ် ၃၃၇/၃ နှင့် ၃၃၇/၄ အကြား ကားလမ်းဘေးသို့ ယနေ့ နံနက် ၆ နာရီခန့်က ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ယာဉ်တစ်စီး ကားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှ ဒုရဲအုပ်သက်ပိုင်စိုးနှင့် အသိသက်သေများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်အမှတ် SHN -xxxx နံပါတ်ပါ HONDA FIELDER အဖြူရောင် မော်တော်ယာဉ်မှာ ပက်လက်အနေအထားဖြင့် တိမ်းမှောက်နေခြင်း ဖြစ်သည်။

တိမ်းမှောက်နေသော မော်တော်ယာဉ်ထဲတွင် တစ်စုံတစ်ဦးမျှ မတွေ့ရဘဲ ယာဉ်မောင်းဖြစ်သူမှာလည်း ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး တိမ်းရှောင်နေသော ယာဉ်မောင်းဖြစ်သူအား မြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)