မိတ္ထီလာ၊ အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB) မှ ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB) ဥက္ကဋ္ဌ စာရေးဆရာ တင်သော်က အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင်များနှင့် စာပေချစ်မြတ်သူများက အတွေးအမြင်ရသများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအဖွဲ့ (BOOK CLUB) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)