မိတ္ထီလာ ၊ ဒီဇင်ဘာ ၃

 

မိတ္ထီလာမြို့နယ်တွင် ဝါသီးနှံမျိုးစေ့ထုတ်လုပ်ငန်း ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ ၂ ရက်က ရေချိုကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင် ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ဒေသခံတောင်သူ များအနေဖြင့် ဝါသီးနှံအထွက်နှုန်းတိုးတက်စေရန် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေးပြည့်မီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ် နိုင်စေရေးရည်ရွယ်ပြီး ဝါစိုက်တောင်သူများအား ယခုလို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံများက ဝါသီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် ဝါသီးနှံ စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အပင်ကြီးထွားမှုအဆင့်တိုင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ သဘာဝမြေသြဇာသုံးစွဲနည်းများ၊ ဝါသီးနှံတွင် ကျရောက်တက်သောပိုးမွှာများ၊ ဖြစ်ပွားတက်သော ရောဂါလက္ခဏာများနှင့် ကာကွယ်နှိမ်နှင်းနည်းများ စသည့် ဘာသာရပ်များကို ပို့ချပေးခဲ့ ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ရေချိုကျေးရွာရှိ ချည်မျှင်ရှည်ဝါအထူးဇုံ (ရွှေတောင်-၁၀)ဧက-၅၀တွင် စိုက်ပျိုး သည့် ဒေသခံတောင်သူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)