မိတ္ထီလာ ၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၄၆/၄) နှင့် (၃၄၆/၅) ကြားတွင် ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီခွဲက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇင်ဖြိုးဦး (၁၇)နှစ် စီးပွားရေး တက္ကသိုလ် ပထမနှစ်ကျောင်းသား အမှတ်(၁၀) ရပ်ကွက် မလှိုင် မြို့နယ်နေသူသည် အနောက်မှအရှေ့သို့ တစ်ဦးတည်းမောင်းနှင်လာသော F/---- Wave 100 (အဖြူရောင်) ဆိုင်ကယ်နှင့် ကျော်ဇင်စိုး (၂၄)နှစ် မြန်မာအရှေ့တိုင်းဘဏ် (MOB) မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး နောက်တွင် မင်းမင်းဇော် (၁၇) နှစ်၊ အမှတ်(၁) ရပ်ကွက် မတ္တရာမြို့နယ်နေသူ လိုက်ပါလာသော Wave 100 (အဖြူရောင်) ဆိုင်ကယ်တို့ လမ်းမအလယ်တွင် မျက်နှာချင်းဆိုင် ဝင်တိုက်မိခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ကျော်ဇင်စိုးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မင်းမင်းဇော်တွင် ယာပါးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ပြင်ပလူနာအဖြစ် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇင်ဖြိုးဦးနှင့် ကျော်ဇင်စိုးတို့အား ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် အောင်ညီဝင်းက တရားလို ပြုလုပ်တိုင်တန်းသဖြင့် အမှတ် (၃) နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ထီလာ ကိုငယ်လေး