မိတ္ထီလာ  ၂၁   နိုဝင်ဘာ

 

မိတ္ထီလာ၌ ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်     ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင် ကျေးရွာချောင်းကူးတံတားသစ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။

 

အဆိုပါ ချောင်းကူးတံတားသစ်အား တပ်နယ်မှူးမှူး ဗိုလ်မှူးကြီးကျော်သူရအေး၊   ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကျောင်းကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး နှင့် ထမုန်ကန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

၎င်းချောင်းကူးတံတားသစ်အား စက်ပစ်တောင်ကျေးရွာဒေသခံများနှင့် ထီလာဦးဂေါက်ကလပ်တို့ ပူးပေါင်း ဆောက်လုပ်ခြင်းဖြစ်သည်။ ယခင်သစ်သား တံတားဟောင်းမှာ ယိုင်နဲ့ယိုယွင်း ပျက်စီးမှုကြောင့်  ဖြတ်သန်းသွားလာမှုလွယ်ကူချောမွေ့စေရန် သံဖရိန် ၊ သံချောင်း ဘောင်များဖြင့် အလျား ပေ ၇၀၊ အကျယ် ၅ ပေ ၊ အမြင့် ၁၈ ပေ ရှိတံတားသစ်အား ကျပ်သိန်း  ၇၀    အကုန်ကျခံ စုပေါင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ချမ်းသာ ( မိတ္ထီလာ)