မိတ္ထီလာ ၂၉ စက်တင်ဘာ

 

 

မိတ္ထီလာမြို့နယ်၊ အောင်ဆန်းရပ်ကွက် ရွာသစ်ကုန်းရပ်၌ အလှူရှင်မိသားစုက ဆောက်လုပ်လှူဒါန်းသည့် မေတ္တာရိပ်မွန် စာကြည့်တိုက် အဆောက်အအုံသစ် ပေးအပ်ပွဲကို စက်တင်ဘာ ၂၉ နံနက် ၇ နာရီက ၎င်းစာကြည့်တိုက်အနီးတွင် ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာဖတ်သူများဖြင့် ရှင်သန်သည့် စာကြည့်တိုက် တစ်ခုဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ကြရန် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်အိအိသန်းက ရှင်းလင်းပြောကြားသည်။

 

 

ဆက်လက်ပြီး စာကြည့်တိုက် အဆောက်အအုံသစ် အလှူရှင် ဦးချစ်မွှေးမိသားစုက တာဝန်ရှိသူများထံသို့ စာကြည့်တိုက်နှင့် ပတ်သက်သည့် စာရွက်စာတန်းများကို ပေးအပ်ပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ အသံချဲ့စက်တစ်စုံနှင့် ရပ်ကွက်သာရေးနာရေးအသင်း၊ ဓမ္မစကြာအသင်းတို့အတွက် ဝတ်စုံများကို အလှူရှင် ဦးလှဝင်းသိန်းမိသားစုက ပေးအပ်လှူဒါန်းသည်။

 

 

အဆိုပါစာကြည့်တိုက်မှာ အလျား ပေ ၂၀၊ အနံ ၉ ပေရှိ နှစ်ထပ် သွပ်မိုးအဆောက်အအုံဖြစ်ပြီး လျှပ်စစ်မီးနှင့် စာအုပ်စာစောင်များ အပါအဝင် ကျပ်သိန်း ၅၀ ခန့် အကုန်အကျခံကာ အလှူရှင်မိသားစုက ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ချမ်းသာ (မိတ္ထီလာ)