မိတ္ထီလာ မေ ၁     

မိတ္ထီလာ၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော   ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဧပြီ ၃ဝ ရက် ညနေ ၄ နာရီက ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးနေဦးက သင်တန်းမှ သင်ကြားပို့ချပေးပြီး လေ့လာသင်ယူခဲ့ကြသည့်  အခြေခံ ရှေးဦးပြုစုခြင်း ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်ကြရန် သင်တန်းသူ သင်တန်းသားများကို ပြောကြားသည်။ ဆက်လက်၍ သင်တန်းစမ်းစစ်ချက်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် သင်တန်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပေးအပ်ချီးမြှင့်ပြီး တပ်ဖွဲ့မှူး ဦးနေဦးက     သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးထံသို့ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်းကို ဧပြီ ၂၈ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူ ၃ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ချမ်းသာ (မိတ္ထီလာ)