မိတ္ထီလာ      ဇွန်       ၂၈

 

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန် ၂၇ ရက်က အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

ဆုချီးမြှင့်ပွဲတွင် နှစ်သိမ့်ဆုရရှိသော သတ္တဗေဒအသင်းမှ မနန်းယုထွေးအား ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမြင့်က လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော အရှေ့တိုင်းပညာဌာနအသင်းမှ မောင်ကျော်ဇေယျမင်းအား ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဉာဏ်ဝင်းက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိ အရှေ့တိုင်းပညာဌာနအသင်းမှ မောင်တိုးသီဟအောင် အား ပထဝီဝင်ဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်သိန်းဦးက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော ရူပဗေဒအသင်းမှ မောင်နေဖြိုးအောင်အား ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာမြင့်က လည်း ကောင်း၊ တတိယဆုရရှိသော သင်္ချာအသင်းမှ မောင်ချမ်းငြိမ်းထွန်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်နှင်းအိက လည်းကောင်း၊ ဒုတိယဆုရရှိသော သင်္ချာအသင်းမှ မောင်မိုးကျော်အား ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းသိန်းက လည်းကောင်း၊ ပထမဆုရရှိသော ရုက္ခဗဒအသင်းမှ မောင်ဘုန်းမင်းသန့်အား ပါမောက္ခချုပ် ဒေါက်တာဘဟန်က လည်းကောင်း ဆုများအသီးသီးချီးမြှင့်ကြသည်။

 

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ကာ ဘာသာရပ်ပေါင်းစုံမှ အသင်း ၁ဝ သင်း၊ ပြိုင်ပွဲဝင် ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)