မိတ္ထီလာ ဇူလိုင်  ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(က)၌ သင်္ချာ၊  မြန်မာစာ၊ သမိုင်း၊ အုပ်စု(ခ)၌ သတ္တဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်စာ၊ အုပ်စု(ဂ)၌ ဓာတုဗေဒ၊ အရှေ့တိုင်းပညာ၊ အုပ်စု(ဃ)၌ ရုက္ခဗေဒ၊ ဒဿနိကဗေဒနှင့် ပထဝီဝင် ဘာသာရပ်တို့မှ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၂ သင်းနှင့် ပြိုင်ပွဲဝင် ၆၀ ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲအား ဇူလိုင် ၅ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)