မိတ္ထီလာ နိုဝင်ဘာ ၂၅

 

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို နိုဝင်ဘာ ၂၇ ရက်မှစတင်ပြီး ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“မြို့နယ်အတွင်းမှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးတဲ့ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို နိုဝင်ဘာ ၂၇ ရက်က စတင်ပြီး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှာဖြစ်ပါတယ်။ ပထမအကြိမ်ထိုးနှံခဲ့တဲ့ ဆေးထိုးစုရပ်များမှာပဲ နိုဝင်ဘာ ၂၇ ရက်၊ ၂၈ ရက်၊ ၂၉ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက ပြောသည်။

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးဌာနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၅၉၅၅ ဦးအား အောက်တိုဘာ ၁၇ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)