မိတ္ထီလာ ၁၆ မေ
မိတ္ထီလာတွင် ဒုတိယမြောက် အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ရုံအဖြစ် Grand Centre အဆောက်အအုံသစ်အား မြို့မရပ်ကွက်ရှိ ယခင် ရွှေဗဟိုရ်ရုပ်ရှင်ရုံဟောင်း နေရာတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
“အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ရုံ Grand Centre အဆောက်အအုံသစ်ကို ဧပြီလထဲက စတင်ဆောက်လုပ်တာ ဖြစ်ပြီးတော့ လာမယ့်စက်တင်ဘာလထဲ ဖောင်တော်ဦး ဘုရားပွဲတော်အမှီ ပြီးစီးအောင် ဆောက်လုပ်မယ်လို့တော့ မှန်းထားပါတယ်။ ဒုတိယမြောက် အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ရုံကို ထပ်မံဆောက်လုပ်တဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ Grand အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ရုံမှာ တစ်ပတ်တစ်ခါ ရုပ်ရှင်ဇာတ်ကားသစ် တစ်ကားပြသပြီး သောကြာနေ့ဆို အဲဒီဇာတ်ကားကို လဲလှယ် ပြသရတဲ့ စနစ်ဖြစ်တော့ တချို့ပရိသတ်တွေက မကြည့်လိုက်ရဘူး။ ထပ်ပြီး ပြပေးရင် ကောင်းမှာပဲဆိုပြီး တောင်းဆိုတာမျိုးရှိတဲ့ ဇာတ်ကားတွေလည်းရှိတော့ အဲဒီလိုပရိသတ်တွေအတွက် ပြန်လည်ပြသပေးနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု အဆိုပါ ရုပ်ရှင်လုပ်ငန်းရှင် ဦးစိုးအောင်က ပြောသည်။
လက်ရှိဖွင့်လှစ် ပြသနေသည့် Grand အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ရုံုံတွင် ပရိသတ် ၂၅၀ ကြည့်ရှု့နိုင်ပြီး ဒုတိယမြောက် ဆောက်လုပ်လျက် ရှိသည့် Grand Centre အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ရုံုံမှာ ပရိတ်သတ် ၁၈၀ ခန့်သာ ကြည့်ရှု ့နိုင်မည်ဖြစ်ကာ ရုပ်ရှင်ရုံ ဝင်ကြေးများကို ယခင်အတိုင်း ငွေကျပ် (၁၀ဝ၀၊ ၂၀ဝ၀၊ ၃၀ဝ၀) သတ်မှတ်ပြသမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)