မိတ္ထီလာ  ၃  နိုဝင်ဘာ 
 
မိတ္ထီလာတွင်  နိုဝင်ဘာလ ၃ နံနက် ၆ နာရီအချိန်က စတင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေး သည့်မဲရုံများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်း နှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့် ရှုစစ်ဆေး ကြောင်းသိရသည်။
 
ပြည်သာယာ(မ) ၊ ပြည်သာယာ(တ) ၊ ကျီတော်ကုန်း ၊ အောင်ဇေယျာ ၊ ရတနာမာရ်အောင် ၊ မြို့မ ၊ အောင်ဆန်း ၊ ရှမ်းတဲစသည် ရပ်ကွက်ကျေးရွာများရှိ မဲရုံများတွင် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် မဲဆန္ဒရှင်များ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုနှင့် မဲရုံများတွင် မဲရုံမှူး၊ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ ၊ မဲရုံကိုယ်စားလှယ်၊ဒုမဲရုံကိုယ်စားလှယ် နှင့် စောင့်ကြည့်လေ့လာသူများတို့၏ ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ သန်းထွန်း ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထိုက် နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ မိတ္ထီလာတွင် မန္တလေးတိုင်း ဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် တစ်သီးပုဂ္ဂလ ဦးအောင်ဌေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နန်းထွေးမှုံ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းအောင်ကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးစိုင်း ပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ ဒေါက်တာစိုင်းကျော်အုန်းတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံသည်။
 
နိုဝင်ဘာလ ၃ ရက်နေ့တွင် မိတ္ထီလာ၌ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် စာရင်းမှာအိမ်ထောင်စု ၁၄၂ စု ၊ အမျိုးသား ၇၅ ဦး ၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၁၅၆ ဦးရှိပြီး ၎င်းတို့ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာနယ်မြေများတွင် မဲရုံ ၁၇ ရုံ  ထားရှိ စီစဉ်ပေးထားကြောင်း သိရသည်။ 
 
ချမ်းသာ (မိတ္ထီလာ)