မိတ္ထီလာ  ၁၆   ဒီဇင်ဘာ

မိတ္ထီလာမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉နာရီခွဲက အမှတ် ၂၅ စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

kshjkhf

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက အမှာစကားပြောကြားပြီး  စက်မှု လယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးထုတ်ကုန်များ မြင့်မားတိုးတက်ဖို့ဆိုရင် စက်မှုလယ်ယာစနစ်ကူးပြောင်းဖို့လိုအပ်လျက်ရှိကြောင်း၊ယခင်က စိုက်ပျိုးရာတွင် လူနှင့် ကျွဲနွားများကို  အဓိက ဆောင်ရွက်ကြကြောင်း၊ ယခုအခါ လုပ်သားများရှားပါးလာမှုကြောင့် စက်ကိရိယာများ အသုံးပြု လာကြရာမှ စက်ကိရိယာများ ရေရှည်အသုံးပြုလာနိုင်စေရန်၊ စနစ်တကျပြုပြင်မောင်းနှင် တတ်စေရန် တောင်သူများအား သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊  သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းမှာ ယခုဆိုလျှင် (၆)ကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် ဦးစိုးသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ စက်မှုလယ်ယာ ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေး၊ ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၃၀) တက်ရောက်ကြပြီး ၎င်းသင်တန်းတွင် ထွန်းစက်နှင့် ထွန်းယက်ကိရိယာ၊ လက်တွန်းထွန်းစက်၊ စပါးရိတ်စက်၊စပါးခြွေလှေ့စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်၊ အခြောက်ခံစက်၊ ကောက်စိုက်စက်ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်း၊ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း စသည့်ဘာသာရပ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)