မိတ္ထီလာတွင် မော်တော်ယာဉ်တိမ်းမှောက်၍ နှစ်ဦးဒဏ်ရာရ

မိတ္ထီလာ ၆ မတ်


မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းပေါ်ရှိ ကုက္ကိုချောင်း ချောင်းကူးတံတားအနီး ချောင်းထဲသို့ ယနေ့နံနက်က မော်တော်ယာဉ်တစ်စီး     တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


‘‘ပခုက္ကူဘက်က မောင်းလာတဲ့ မော်တော်ယာဉ်ဖြစ်ပါတယ်။ ဦးမျိုးလွင် ၅၀ နှစ်  ရွှေကျောင်းရပ်နေသူ မောင်းနှင်းလာတာဖြစ်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဇနီးဖြစ်သူ ဒေါ်မွန်မွန်နိုင်နဲ့ ဦးမျိုးလွင် နှစ်ဦးစလုံးထိခိုက် ဒဏ်ရာတွေရရှိပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတာမျိုး မရှိပါဘူး” ဟု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ သွားရောက် ကူညီဆောင်ခဲ့ကြသည့် မိတ္ထီလာကြက်ခြေနီတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူးဦးနေဦးက ပြောသည်။


ဦးမျိုးလွင်မောင်းနှင်လာသည့် ယာဉ်အမျိုးအစားမှာ KLUGER ဖြစ်ပြီး အချိုရည်ဗူးများနှင့် ကုန်ပစ္စည်းတင်ဆောင် မောင်းနှင်လာခြင်းဖြစ်ကာ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အလည်ရွာရဲကင်းစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 


ချမ်းသာ ( မိတ္ထီလာ )