၁၅ ဇွန်
၂၀၁၉ အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်နေသည့် မြန်မာကလပ် MIU ဖူဆယ်အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ်ယနေ့မွန်းလွဲပိုင်းက ထိုင်းကလပ် ဟောင်ယန်တာခမ်အသင်းနှင့် ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည်။
MIU ဖူဆယ်အသင်းသည် နှစ်ရက်ဆက်တိုက်ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ပထမပွဲတွင် ထိုင်းနာမည်ကြီးကလပ် ဘန်ကောက် BTS အသင်းကို တစ်ဂိုးတည်းဖြင့်သာ ကပ်၍ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲတွင် ဟောင်ယန်တာခမ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ MIU အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးရကာ ရှုံးန်မ့်ခဲ့ခြင်းဖြစ်သည်။
MIU ဖူဆယ်အသင်းသည် ဇွန် ၁၆ ရက်နေ့တွင် ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကျင်းပမည့် နာခွန်ရတ်ချက်စီမာမြို့သို့ ထွက်ခွာမည်ဖြစ်သည်။ MIU အသင်းယှဉ်ပြိုင်မည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဇွန် ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း