စေတုတ္တရာ  ၂၅  ဖေဖော်ဝါရီ

 

Save The Childrenအဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာမှတ်တမ်း သတင်းပေးပို့ခြင်း မွမ်းမံသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန(Community Centre )ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းတွင် စေတုတ္တရာမြို့ Save The Children အဖွဲ့အစည်းမှ စီမံချက်အရာရှိ  ဦးတင်ဝင်းမှ မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာမှတ်တမ်းသတင်းပို့ခြင်း မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ရရှိ လာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်Save The Childrenအဖွဲ့ ကျန်းမားရေး စေတနာရှင် ဝန်ထမ်းများမှ မိုဘိုင်းအပလီကေးရှင်း အသုံးပြုပုံများကို တက်ရောက်လာကြသည့် သင်တန်းသူ/သင်တန်းသားများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို စေတုတ္တရာမြို့နယ်အတွင်းရှိ  စီမံချက်ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ပေါက်ပေါက်(ပြန်/ဆက်)