နေပြည်တော် ဧပြီ ၃၀

 

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များနှင့် ပညာရှင်ဝန်ထမ်းများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် သက်ဆိုင် ရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့ က အဆင့်ဆင့်စိစစ်တင်ပြလာသော အသိအမှတ်ပြုလက်မှတ် သက်တမ်းထပ်တိုးမည့် သီးနှံမျိုးဖျား ရှစ်မျိုးနှင့် မျိုးအသစ်အဖြစ် လျှောက်ထားလာသည့် လယ်ယာ သီးနှံ ၁၂ မျိုး၊ စက်မှုသီးနှံ တစ်မျိုး၊ ဥယျာဉ်ခြံသီးနှံ ၃၁ မျိုးနှင့် မိဘ မျိုးလိုင်း ငါးစုံ စုစုပေါင်း မျိုးသစ် မျိုးဖျား ၅၇ မျိုးတို့အပေါ် သုံးသပ် ဆွေးနွေးခဲ့ကြသည်။

 

မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီအနေဖြင့် မျိုးသစ်များ အား အသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးလာခဲ့ရာတွင် (၂၉)ကြိမ်မြောက် အစည်းအဝေး အထိ လယ်ယာသီးနှံ ၇၁၁ မျိုး၊ ဥယျာဉ်ခြံသီးနှံ ၉၀၇ မျိုး၊ စက်မှု သီးနှံ ၁၃၁ မျိုးနှင့် မိဘမျိုးလိုင်း ၂၃၄ စုံ စုစုပေါင်း မျိုးသစ်မျိုးဖျား ၁၉၈၃ မျိုးကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်