ဘရက်ဆဲလ်  မတ်   ၁၁

ဥရောပသမဂ္ဂသည် မျိုးဆက်သစ် နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုအားပေးသွားရန်   အစီအစဉ်တစ်ရပ်ကို  ကြေညာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်  အစောပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်နိုင်ရေး ရည်ရွယ်ထားသည်။

စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေချိန်  နျူကလီးယားနည်းပညာတွင် ရင်းနှီးမြှုပ်နှံမှုကို  မြှင့်တင်သွားမည်ဟု  မတ် ၁၀ ရက်တွင် ဥရောပကော်မရှင်က  ပြောကြားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍ ရန်ပုံငွေကို ဆွဲဆောင်ရန်အတွက် လာမည့်နှစ်နှစ်အတွင်း   ယူရိုသန်း ၂၀၀ ဝန်းကျင်တန်ဖိုးရှိ  ရင်းနှီးမြှုပ်နှံမှု အာမခံချက်များ ပေးအပ်ရန် စီစဉ်ထားသည်။  အဆိုပါ အာမခံချက်များသည် ကုန်ကျစရိတ်နည်းပါးပြီး ယခင်ဓာတ်ပေါင်းဖိုများထက်   ပို၍သေးငယ်သော မျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးနှင့် တိုးတက်ရေးတွင် ထောက်ပံ့ပေးရန်ရည်ရွယ်သည်။ ၂၀၁၁  ခုနှစ် ဂျပန်နိုင်ငံ၌ နျူကလီးယား မတော်တဆမှုဖြစ်ပွားပြီးနောက် ဥရောပတွင်  နျူကလီးယားစွမ်းအင် အသုံးပြုမှုကျဆင်းခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က  နျူကလီးယားအသုံးပြုမှုကို လျှော့ချလိုက်ခြင်းသည် ရွေးချယ်မှုတစ်ခုဖြစ်သော်လည်း ယုံကြည်စိတ်ချရပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသည့် လျှပ်စစ်ဓာတ်အားအရင်းအမြစ်ကို ကျောခိုင်းလိုက်ခြင်းသည် ဥရောပအတွက် မဟာဗျူဟာမြောက် အမှားတစ်ခုဖြစ်သည်ဟု  ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ