မြိုင် ၁၅ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ရေအနည်းလို စမ်းသပ်ကွက်နှင့် မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်ခြင်းရှိ/မရှိ နှင့် (yellow sticky trap)များစိုက်ထောင်ခြင်းကို အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

 

မြိုင်မြို့နယ် သက္ကယ်ကန်ကျေးရွာအုပ်စု၊ ကြောင်ကန်ကျေးရွာ ကွင်းအမှတ်(၈၆၆)၊ ဦးပိုင်အမှတ်(၃၈) တောင်သူ ဦးမော်၏ လယ်မြေတွင်  ရေအနည်းလိုစပါးမျိုးများ စမ်းသပ်စိုက်ပျိုးထားသော စိုက်ခင်းတွင် ပိုးမွှားအန္တရာယ် ကျရောက်မှုရှိ/မရှိ ကင်းထောက်မှတ်တမ်းယူခြင်းနှင့် ပိုးမွှားအမျိုးအစားများကို သိရှိနိုင်ရန် (yellow sticky trap) များစိုက်ထူခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါ(yellow sticky trap)များကို တစ်ဧကလျှင် ကဒ်(၂၀) စိုက်ထူနိုင်ခြင်းဖြင့် ပိုးမွှားများကို ကာကွယ်နိုင်ပြီး ဓာတုပိုးသတ်ဆေး သုံးစွဲရန် သင့်/မသင့် သုံးသတ်နိုင်ကြောင်း၊ ကဒ်များတွင် ကပ်ညှိနေသောပိုးမွှားများကို ကြည့်၍ ပိုးမွှာအန္တရာယ်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရေအနည်းလို စမ်းသပ်ကွက်နှင့် မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်းသိရသည်။

 

မြို့နယ် ပြန်/ဆက်