မိုင်းယောင်း ၂၂ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး စိုက်နည်းစနစ် စမ်းသပ်ကွက်နှင့် မျိုးသန့်ပွားပျိုးခင်းများ၌ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားကာကွယ် နှိမ်နင်းခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက မိုးစပါး အထွက်နှုန်း တိုးတက်ရေး အတွက် မိုးစပါးဘာစမာတီ စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုနှင့် မိုးစပါးဆင်းဧကရီ-၃ ပျိုးထောင် ထားရှိမှုများကို ဒေသခံတောင်သူများအား အသိပညာပေး ရှင်းလင်းပြောပြပြီး စိုက်နည်းစနစ် Seeder နှင့် ကြဲခင်းစိုက်ပျိုးခြင်းများအား စိုက်ပျိုးရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြသခဲ့ရာ တောင်သူ ၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)