ဝန်းသို  ၁၈  ဇွန်

 

တောင်သူများ အချိန်မီစိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်နိုင်စေရန်အတွက် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ တောင်သူ ၇၂ ဦးတို့အား မှော်ဘီ-၂ မျိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့(၁၁၀)တင်းကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၈ ရွာမှ GAP စနစ်ဖြင့် စိုက်ပျိုးမည့် တောင်သူနှင့် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးမည့်တောင်သူ စုစုပေါင်း ၇၂ ဦးတို့အား မှော်ဘီ-၂ မျိုးစပါး မျိုးသန့် မျိုးပွားမျိုးစေ့(၁၁၀)တင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေက ပေးအပ်ခဲ့ သည်။

 

ဝန်းသိုမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက  ၃၈၈၇၈ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်  မိုးစပါးစိုက်ဧက   ၃၈၄၉၈ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ လျာထားချက်ပြည့်မီ စိုက်ပျိုးနိုင်ရေးအတွက်  တောင်သူများအား မျိုးစေ့များထောက်ပံ့ခြင်း၊ မျိုးစေ့ချ ကိရိယာဖြင့် စနစ်တကျစိုက်ပျိုးပြသပေးခြင်း၊ စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)