ဝန်းသို   ၁၈   ဇွန်

 

၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများ အချိန်မီစိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်နိုင်စေရန်အတွက် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ရုံး၌ တောင်သူ ၇၂ဦးတို့အား မှော်ဘီ-၂ မျိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့ တင်း ၁၁၀ ကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၈ ရွာမှ GAP စနစ်ဖြင့် စိုက်ပျိုးမည့် တောင်သူနှင့် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးမည့်တောင်သူ စုစုပေါင်း ၇၂ဦးတို့အား မှော်ဘီ-၂ မျိုးစပါး မျိုးသန့် မျိုးပွားမျိုးစေ့တင်း ၁၁၀ ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဦးတင့်ဆွေက ပေးအပ်ခဲ့ သည်။

 

ဝန်းသိုမြို့နယ် အတွင်း ၂၀၁၉ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက  ၃၈၈၇၈ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်  မိုးစပါးစိုက်ဧက   ၃၈၄၉၈ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ လျာထားချက် ပြည့်မီစိုက်ပျိုးနိုင်ရေးအတွက်  တောင်သူများအား မျိုးစေ့များထောက်ပံ့ခြင်း၊ မျိုးစေ့ချ ကိရိယာဖြင့် စနစ်တကျ စိုက်ပျိုးပြသပေးခြင်း၊ စိုက်ပျိုးနည်းပညာများဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)