မိုဝိုင်းလွတ် ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့ အမှတ်(၁)ရပ်ကွက် ရွာမကွင်းရှိ တောင်သူ ဦးထန်လွန်း၏ စိုက်ခင်းတွင် နိုဝင်ဘာ(၂၃)ရက်၊ မြို့အဆင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်၊၊
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲပိုင်အောင်၊ မြို့စိုက်ပျိုးရေးဉီးစီးမှူး ဦးထက်အောင်ကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်၊၊
မြို့အဆင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ အစိုတင်း(၁၁၂)တင်း/ဧကခန့်စပါးထွတ်ရှိကြောင်း မိုဝိုင်းလွတ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်၊၊
နိုင်းခွီရှိန်း(ပြန်/ဆက်)


