၂ မေ

 

မိုဇမ်ဘစ် နိုင်ငံတွင် ကန်နိမုန်တိုင်း တိုက်ခတ်မှုကြောင့် ၄၁ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် က ယမန်နေ့က ပြောကြားခဲ့သည်။
တောင်ပိုင်းအာဖရိက နိုင်ငံတွင် လူ ၆၀ဝ ကျော် သေဆုံးခဲ့သည့် အိုင်ဒီး မုန်တိုင်း တိုက်ခတ်ခဲ့ပြီးတစ်လအကြာတွင် ထိုကန်နိမုန်တိုင်းတိုက်ခိုက်ခဲ့ပြီး ၄၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ကိုမိုရို နိုင်ငံတွင် ကန်နိမုန်တိုင်း တိုက်ခတ်သဖြင့် လူခုနှစ်ဦး သေဆုံးပြီး ၂၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ် အစား ပြောခွင့်ရ ပုဂ္ဂိုလ် စတပ်ဟိန် ဒူဂျာရစ် က ပြောကြားခဲ့သည်။

 

လူသာချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းဆောင်ရွက်မှု ကုလသမဂ္ဂအဖွဲ့ရုံးကလည်း  မိုဇမ်ဘစ် နိုင်ငံတွင် ထိုမုန်တိုင်းကြောင့်  လူနေအိမ်ပေါင်း ၃၇၇၀ဝ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သတင်းထုတ်ပြန်ကြေညာခဲ့ကြောင်း ဒူဂျာရစ် က ဆိုသည်။

 

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ အဖွဲ့အစည်းများက အမိုးအကာပစ္စည်းများ ၊ ရေကာရွက်ဖျင်ထည်များ ၊ မိသားစုအသုံးအဆောင်ပစ္စည်းများ ၊ ရွက်ဖျင်တဲများ ၊ ရေသန့်များ စသည့် လိုအပ်သည့်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မုန်တိုင်းသည် ကောက်ပဲသီးနှံ ၆၀ ရာခိုင်နှုန်းကျော် ၊ တောင်ယာ ၈၀ ရာခိုင်နှုန်း နီးပါးနှင့် အိမ်ခြေ ၃၈၀ဝ ကျော် ဖျက်ဆီးခဲ့ကြောင်း ၎င်းပြောခွင့်ရပုဂ္ဂိုလ် က ပြောကြားခဲ့သည်။

 

ထိုကုလသမဂ္ဂအဖွဲ့ က ကျန်းမာရေး ၊ ပညာရေး ၊ အာဟာရ ၊ ရေ ၊ မိလ္လာစနစ် နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပတ်သက်ပြီး ကိုမိုရို အစိုးရ ကို  အရေးပေါ်ထောက်ပံ့အကူအညီပေးရန် အဖွဲ့ဝင်များကို တပ်ဖြန့်ထားသည်ဟု ရေးသားဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို