မာပူတို ဇွန် ၁၄

 

မိုဇမ်ဘစ်နိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးဆိုင်ရာ ကြိုးပမ်းမှုအဖြစ် ပလတ်စတစ် အိတ်သုံးစွဲမှုကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း မိုဇမ်ဘစ်နိုင်ငံ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး အိုင်ဗီဒီမာဗာဇီက ပြောကြားသည်။

 

နိုင်ငံအတွင်းရှိ မြို့ပြဒေသသန့်ရှင်းရေးတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် အတားအဆီး ဖြစ်နေပြီး သန့်ရှင်းရေး အတွက် အခက်အခဲများ ဖြစ်စေကာရောဂါပိုးမွှားများ အများအပြားပေါက်ပွားရန် ဖြစ်လာစေကြောင်း ၎င်းက ပြောကြားသည်။

 

မိမိတို့အနေဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှု ပိတ်ပင်ရေးကို ပြည်တွင်း၊ ပြည်ပလက်တွဲပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံအတွင်းရှိ မြစ်များအတွင်းသို့ စွန့်ပစ်သည့် ပလတ်စတစ်တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ