မိုးကောင်း ၂၉ စက်တင်ဘာ
မိုးကောင်းမြို့ ချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်ရေနစ်မြုပ်၍ သွားလာရခက်ခဲသော အိမ်ထောင်စုဝင်အချို့အား ရပ်ကွက်ရှိရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ခေတ္တပြောင်းရွှေ့ထားကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် နန့်ရင်းရပ်ကွက်မှ ပြောင်းရွှေ့အိမ်ထောင်စု(၈)စုမှ လူဦးရေစုစုပေါင်း (၃၇)ဦးကို နန့်ရင်းရပ်ကွက်ရှိ တရုတ်ဘုံကျောင်း၌ နေရာချထားဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် နန့်ကောင်းချောင်းရေ စိုးရိမ်ရေအမှတ်(၆၀၀)အထက် (၃၀)စင်တီမီတာတွင်ရောက်ရှိနေပြီး နန့်ရင်းချောင်ရေအမှတ်(၆၅၁) စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့နံနက် ၈ နာရီ တိုင်းထွာချက်အရ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)