မိုးကောင်း  ဇွန်  ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသောကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းကို ဇွန်(၂၅)ရက် နံနက် (၁၀)နာရီခွဲက သပြေပင်ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူကအမှာစကားပြောကြားပြီး မိုးညှင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်က သင်တန်းနှင့် ပတ်သက်၍ ပြောကြားသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းသို့ မိုးကောင်းမြို့ သပြေပင် ပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ၊ ပရဟိတဂေဟာမှ ကျောင်းသားများ တက်ရောက်သည်။

သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက  ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါဝင်သည့် သင်တန်းကျောင်း၊ ပရဟိတဂေဟာ တည်ထောင်ဖွင့်လှစ်ခြင်း အခန်းကဏ္ဍ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကျင့်ဝတ်စည်းကမ်းများ၊ မိဘအုပ်ထိန်းသူနှင့် ဆရာ/မတို့၏ တာဝန်နှင့်ဝတ္တရားများ၊ ကလေးသူငယ် မွေးဖွားခြင်း၊ အကြမ်းဖက်မှုနှင့် အကာအကွယ်စောင့်ရှောက်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)

mdn