မိုးကောင်း  ၂၃   နိုဝင်ဘာ  

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် အ.ထ.က(၂)ကျောင်းဆောင်၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အေအိုင်ဒီအက်စ်ရောဂါကင်းဝေးရေး လူထုအားလုံးပါဝင်ပေးခေါင်းစဉ်ဖြင့် မိုးကောင်းမြို့နယ်ကျောင်းပေါင်းစုံမှ အထက်တန်းဆင့် စာစီစာကုံး(၁၂)ဦး၊ အလယ်တန်းအဆင့်စာစီစာကုံး(၁၂)ဦး၊ အထက်တန်းဆင့် ပိုစတာ(၁၆)ဦး၊ အလယ်တန်းအဆင့်ပိုစတာ (၂၉)ဦး၊ မူလတန်းအဆင့် ပန်းချီ(၃၇)ဦး ယှဉ်ပြိုင်ဖြေဆိုကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြို့နယ်ကုသရေးဦးစီးဌာန၊ ကမ္ဘာ့ဆရာဝနများအဖွဲ့၊ ဖီးနစ်လူမှုကူညီရေးအသင်း၊ မဟာမိတ်(မြန်မာ)အဖွဲ့၊ အမြဲစိမ်းချစ်သူများအဖွဲ့၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့၊ SARA မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း၊ ဒေဝပညာဒါနအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)