မိုးကောင်း နိုဝင်ဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် နိုင်ငံသားကတ်ပြားပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင်ကျင်းပခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့်သူများအနေဖြင့် မဖြစ်မနေ နိုင်ငံသားစိစစ် ရေးကတ်ပြားရရှိအောင်ဆောင်ရွက်ထားကြဖို့လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လဝကဦးစီးမှူး ဦးLယော်ထုန်က ပန်းခင်းစီမံချက်ဆိုင်ရာနိုင်ငံသားလုပ်ငန်း ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်-၃(က) ၁၅၁ ဦး၊ နိုင်-၆ (က) ၁၂၄ ဦး၊ ရဲစခန်းမိတ္တူဆောင်ရွက်ပေးမှု ၁ ဦး၊ အသက် ၁၈နှစ်ပြည့်ဆောင်ရွက်ပေးမှု ၂၀၀ ဦး၊ အသက် ၁၈နှစ်ပြည့် ဆောင်ရွက်ပေးမှု ၂၂၁ ဦး၊ လဲလှယ်ဆောင်ရွက်မှု ၆၃ ဦး၊ မိတ္တူဆောင်ရွက်ပေးမှု ၁၂၈ ဦး အပါအဝင် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၂၉ ရက်ထိ ပန်းခင်းစီမံချက်ကွင်းဆင်းဆောင်ရွက်မှု စုစုပေါင်း ၉၄၀ ဦးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်မင်းသော်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးဝင်းနှင့် မြို့နယ်ဦးစီးမှူး ဦးအယ်လ်ယော်ထုန်တို့က နိုင်ငံသားကတ်ပြားများပေးအပ်ရာ သက်ဆိုင်ရာရပ်ကျေး အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)


