မိုးကောင်း ၂၁ မတ်
ပြည်နယ်သံဃာနာယကဥက္ကဌ ဘဒ္ဒန္တအာစိဏ္ဏ၏ဩဝါဒကိုခံယူ၍ မြို့နယ်သံဃာ့နာယကအဖွဲ့မှ ပရိတ်တရားတော်များ ရွတ်ဖတ်ဆုတောင်း မေတ္တာပို့ခြင်းကို ရွှေသာလျောင်းမြတ်စွာဘုရားကြီး၌ ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
အလားတူစွာ မြို့နယ်၌ ဘေးအန္တရာယ်မကျရောက်စေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်အား ကားဖြင့်လှည့်လည်ရွတ်ဖတ် ဆုတောင်းမေတ္တာပို့သခြင်းကို မြို့ပေါ်(၁၀)ရပ်ကွက်နှင့် နီးစပ်ရာ ကျေးရွာများသို့ လှည့်လည်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)


