မိုးကောင်း ၁၅ အောက်တိုဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဝါလကင်းလွတ် သတင်းကျွတ်အခါသမယ၌ ဘုန်းကြီးကျောင်းတက် ဘုရားဖူးကန်တော့သူများဖြင့် စည်ကားလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် တွေ့မြင်ရသည်။

 

အခြားမြိုများနှင့်မတူ တမူထူးခြားသော မိုးကောင်းမြို့၏ ထုံးတမ်းစဉ်လာ သတင်းကျွတ်အခါသမယတွင် နှစ်စဉ် သတင်းကျွတ်လပြည့်ကျော် (၁)ရက်နှင့် (၂)ရက်သည် မြို့ပေါ်ဘုန်းကြီးကျောင်းများသို့ မြို့ပေါ်နှင့် ကျေးရွာဒေသအသီးသီးမှ ဗုဒ္ဓဘာသာဝင်ပြည်သူများက မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းများ အုပ်စုဖွဲ့၍သော်လည်းကောင်း တစ်ကျောင်းချင်းတက်ဆင်း ဖူးမျှော်ကန်တော့ကြခြင်းဖြစ်သည်။

 

mdn

 

အဆိုပါနေ့များတွင် ဘုန်းကြီးကျောင်းများ၌ အလှူရှင်များ၏ ထမင်း၊ ရွှေရင်အေး၊ ဖျော်ရည်အမျိုးမျိုး၊ သာကူကျို၊ မုန့်လက်ဆောင်း စသည့် စတုဒိသာ အကျွေးအမွေးများဖြင့် တည်ခင်းဧည်ခံကြသည်။

 

အလားတူစွာ သတင်းကျွတ်လပြည်ကျော် (၃)ရက်နှင့် (၄)ရက်နေ့များတွင် ကျေးရွာဘုန်းကြီးကျောင်းများ၌ ကန်တော့ကြမည်ဖြစ်ပြီး လပြည့်ကျော်(၅)ရက်နေ့တွင် မိုးကောင်းမြို့ တောင်ပေါ်ဘုရားများအား ဆက်လက်ဖူးမျှော်ကြမည်ဖြစ်သည်။

 

သန်းလွင်ဦး(ပြန်/ဆက်)

 

mdn